စာရေးသူ

အားလုံးမြင်နိုင်ရန်

စာမူ/ အကြောင်းအရာ များ admin

လိုက်လံရှာဖွေသောဘုရားသခင်

မန်ဟတ်တန် ဒေသရှိ Redeemer Presbyterian အသင်းတော်၏ အသင်းအုပ်ဆရာ တင်း ကယ်လာက ခရစ်ယာန်ဘာသာသည် တစ်မူထူးသောဘာသာဟု သတိထားမိသည်။ အကြောင်းမှာ ခရစ်ယာန် ဘာသာသည် ကျွန်ုပ်တို့ကို ဘုရားသခင်က သူ့ထံခေါ်ယူနိုင်အောင် ကျွန်ုပ်တို့ကို ဘုရားသခင် လိုက်လံ ရှာဖွေခြင်းအကြောင်း တရားတော်ဖြစ်သည်။ အခြားသော ဘာသာတရားများ၌ လူက ဘုရားကို လိုက်ရှာသည်၊ စိတ်ထားကောင်းလျှင်၊ သီလစောင့်လျှင်၊ ကောင်းမှုပြုလျှင်၊ ကျင့်ကြံအားထုတ်လျှင် သူတို့ ရှာဖွေသည့် ဘုရားက သူတို့ကို လက်ခံမည်ဟု မျှော်လင့်ယုံကြည်ကြသည်။

ဗြိတိသျှ ကဗျာဆရာ ဖရန်စစ် သော်မဆင်က သူ့ဘ၀၌ ဘုရားသခင်က သူ့ကို မရပ်မနား လိုက်လံ ရှာဖွေခဲ့ကြောင်း ရေးသားကာ ကြီးမှလှသော ဤအမှန်တရားကို အမိအရတင်ပြခဲ့သည်။ “The Hound of Heaven” အမည်ရှိ သူ့ကဗျာတစ်ပုဒ်၌ သူက ဘုရားသခင် ထံပါးမှ…

ဝှက်ထားသောဘဏ္ဍာ

ဗြိတိသျှ လူမျိုး ရတနာသိုက် လိုက်လံရှာဖွေသူ ဒေ့ဗ် ခရစ်ဖ်သည် အင်္ဂလန်နိုင်ငံ အနောက်တောင် ဖက်ရှိ လယ်ကွင်း ထဲ၌ ရောမဒင်္ဂါး အမြောက်အမြားကို တွေ့ရှိ တူးဖော်ခဲ့သည်။ သတ္တုရှာသည့် ကိရိယာကို အသုံးပြုပြီး ဒင်္ဂါပြား ၅၂၀၀၀ ထည့်ထားသော အိုးကြီးရှိရာ နေရာကို သူဖော်ထုတ် နိုင်ခဲ့သည်။ အေဒီ ၃ ရာစု အချိန်ထုတ် ဤရှေးဟောင်း ငွေဒင်္ဂါး၊ ကြေးဒင်္ဂါးများသည် အလေးချိန် ပေါင် ၃၅၀ ရှိပြီး၊ ဒေါ်လာ ၅ သန်းမျှ တန်ဖိုးရှိသည်။

ခရစ်ဖ် တွေ့ခဲ့သည့် ရတနာသိုက် အကြောင်းတွေးရင်း ကျွန်ုပ်တို့လည်း ရတနာ ဥစ္စာများ တွေ့ရှိ နိုင်မည့် နည်းလမ်းကို စိတ်ကူးယဉ်ကောင်း ယဉ်မိမည်။ သို့သော် ခရစ်ယာန် များဖြစ်သော ကျွန်ုပ်တို့ ရှာဖွေ တူးဖော်ရမည့် အခြားရတနာတစ်မျိုး ရှိပါသည်။…

ငြင်းပယ်ခံရသောအလင်းတော်

၁၆၃၈ ခု၊ နေ့တာ အတိုဆုံး ဆောင်းရက် တစ်ရက်၌ ဖြစ်ပေါ်ခဲ့သည့် လကြတ်ခြင်းမျိုးကို ၂၀၁၀ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက် အစောပိုင်းတွင် တစ်ဖန် ကျွန်တော် တပ်အပ်မြင်ခဲ့ရသည်။ လင်းထိန်နေသော လပြည့်ဝန်းကြီးကို တစ်ဖြည်းဖြည်းနှင့် ကမ္ဘာလုံး၏ အရိပ်က ဖုံးလွှမ်းသွားပြီး လ၀န်းကြီးမှာ နီကျင့်ကျင့်ဖြစ် သွားသည်။ ယင်းသည် မှတ်မှတ်ရရ၊ လှပ ကြည်နူးဖွယ် ကောင်းသော အဖြစ်လေးပင်။ ထိုသို့ရုပ်ဝတ္ထု ပုံသဏ္ဌာန်များ၌ အမှောင် ကျခြင်းမျိုးက ဘုရားသခင်၏ ဖန်ဆင်းခြင်းလက်ရာ အစိတ်အပိုင်း ဖြစ်ငြားလည်း ၀ိညာဉ်ရေးရာ အမှောင်မှာမူ ဘုရားသခင်၏လက်ရာမဟုတ်ကြောင်း ထိုအဖြစ်က သတိပေး အမှတ်ရစေ၏။

စကော့လူမျိုး သင်းအုပ်ဆရာကြီး အလက်ဇန္ဒား မက်လာရန်က “အမိုက်မှောင်ဆုံးသော အမှောင် ထုဖြစ်နေရသည့် အဓိက အရင်းခံ ဇစ်မြစ်မှာ အလင်းကို လက်မခံခြင်းကြောင့်ဖြစ်သည်။ အလင်းကို ရရှိထားလျက်နှင့်…

တာဝန်၌အစဉ်အသင့်ရှိရန်

ကျွန်ုပ်၏ ကလေးများသည် စားသောက်ဆိုင်တန်းတွင် အမှိုက်များ သွားစွန့်ပစ်နေချိန် ပြေးလာသူ တစ်ဦးနှင့် သားကြီးတို့ ၀င်တိုက်လုနီးပါးဖြစ်သွားသည်။ ဤတွင် သားငယ်က ရယ်ရယ် မောမောနှင့် “သူ တစ်ခုခု ခိုးလာတယ် ထင်တယ်”ဟု မှတ်ချက်ချလိုက်သည်။ ဤအဖြစ် အပျက်ကို အခွင့်ကောင်းယူ၍ သား များကို သွန်သင်မည်ဟု တွေးရင်း “ကျမ်းစာထဲက သူတစ်ပါးကို စီရင်ခြင်းဆိုတာ ဒါမျိုးပေါ့”ဟု ပြောလိုက် သည်။ သားငယ်က အပြုံးဖြင့် “သားကို ဘာဖြစ်လို့ အမြဲတရားဟောနေတာလဲ”ဟု မေးလိုက်သဖြင့် ကျွန်ုပ် ရယ်မောမိသည်။ ထို့နောက် သားများအား သူတို့အတွက် ကျွန်ုပ်သိုးထိန်းဘ၀မှ မည်သည့်အခါမျှ အနားယူမည် မဟုတ်ကြာင်း ပြောပြလိုက်သည်။

တမန်တော် ရှင်ပေါလုကလည်း ဧဖက်အသင်းတော်ရှိ တာဝန်ရှိ အသက်ကြီးသူများအား ဘုရား သခင်၏ လူများကို ကြည့်ရှုသူ၊ သိုးထိန်းအဖြစ်မှ ဘယ်သောအခါမျှ အနားယူ၍ မရကြောင်း…

အားလုံးကောင်းပေသည်

မကြာသေးမီက ကျွန်မတို့ ဇနီးမောင်နှံသည် ကလေးဘ၀ ကပင် နှစ်ပေါင်းများစွာ သိကျွမ်းခဲ့သော မက်သယူး ဆိုသည့် လူရွယ် တစ်ယောက်နှင့် ပြန်လည် ဆုံစည်းခဲ့ရသည်။ တစ်ချိန်က ခရစ်စမတ် အစီအစဉ်တွင် Kerkpatrick နှင့် Michael W. Smith တို့ရေးစပ်သည့် All is Well သီချင်း ကို ယောက်ျားလေး တစ်ပင်တိုင်သံဖြင့် အလွန်ကောင်းမွန်စွာ သီဆိုခဲ့သည်။ ထိုသီချင်းကို သာယာ ငြိမ့်ညောင်းစွာ သီဆို ထားရာ သတိရ အောက်မေ့ဖွယ် ကောင်းလှသည့် အမှတ်တရပင်။

အမှုခပ်သိမ်းကောင်းပေ၏။ သင့်အသံမြှင့်၍သီဆိုပါ။

ဧမာနွေလ ဘုရားသခင်သည် ယခုဖွားမြင်ပြီ။

ငါတို့၏အရှင်နှင့် ကယ်တင်ရှင်သည် ယခုဖွားမြင်ပြီ။

ဟာလေလုယ၊ ဟာလေလုယ၊ အမှုခပ်သိမ်းကောင်းပေ၏။

ထိုသီချင်းစာသားများကို မွေးနေ့တော် အခါသမယတွင် ကြားရသည်မှာ လူအများ အတွက် နှစ်သိမ့်စရာပင်။ သို့သော် လူအချို့မှာ ၄င်းတို့၏အသက်တာ ဗရုန်း သုန်းကား ဖြစ်နေသောကြောင့်…

ခရစ်စမတ်ခရီးစဉ်

နာဇရက်မြို့မှ ဗက်လင်မြို့သို့ မည်မျှဝေးကွာ သနည်း။ ပင်ဆာဗေးနီးယားပြည်နယ်၌ ဆိုလျှင် ထိုခရီးမှာ ကားနှင့် ၁၀ မိနစ်မျှသာသွားရသည့် ၉ မိုင်ခရီးဖြစ်သည်။ သို့သော် နာဇရက်မှ ဂါလိလဲသို့ ယောသပ်ကဲ့သို့ ကိုယ်ဝန်ဆောင်ဇနီးသည်နှင့် ခရီးပြုရလျှင် ဗက်လင်မြို့မှာ မိုင် ၈၀ မျှ ခရီးပြုရမည်။ ယောသပ်နှင့် မာရိအတွက် ထိုခရီးသည် သီတင်းတစ်ပတ်မျှကြာမြင့်ပြီး သူတို့ရောက်ရှိသည့်အခါ ကောင်းမွန်သောတည်းခိုခန်း၌ မတည်းခဲ့ရပေ။ ယောသပ်ရှာတွေ့သည့် နွားတင်းကုပ်၌သာ မာရိသည် သားဦးကို နွားစာခွက်၌ မွေးဖွားခဲ့ရသည် (လု ၂း၇)။

သို့သော် သူငယ်တော်ယေရှု ကြလာခဲ့သည့်ခရီးမှာ မိုင် ၈၀ မက ပို၍ဝေးကွာသည်။ ကိုယ်တော် သည် ကောင်းကင်နိုင်ငံ ဘုရားသခင်၏လက်ျာတော်စံရာဘုံကိုစွန့်ခွာကာ နောက်ဆုံး၌ လက်ဝါးကပ်တိုင်၌ အသေခံပြီး အငှားသင်္ချိုင်း၌သင်္ဂြိုဟ်ခြင်းခံခဲ့ရသည်။ သို့သော် ခရီးစဉ်မှာ အဆုံးမသတ်သေးပါ။ ကိုယ်တော်သည် သေခြင်းကိုအောင်မြင်ခဲ့ပြီး သင်္ချိုင်းဂူမှထွက်ခွာကာ လူများနှင့်အတူ…

ဘုရားသခင်၌မျှော်လင့်ခြင်း

တစ်ညနေခင်း၌ ကျွန်မတို့မိသားစုသည် ခရစ်စမတ် ပါတီတစ်ခုမှ ကားမောင်းပြန်လာ စဉ် တောက်ပနေသော နှင်းထုအတွင်း တည်ရှိသည့် ကျေးလက် ဘုရားကျောင်းသို့ ချဉ်းနင်းလာခဲ့သည်။ H.O.P.E မျှော်လင့်ခြင်း ဟူသောစကားလုံးကို အဖြူရောင် မီးလုံးကြိုးတန်းဖြင့် ပုံဖော်ထားသည်ကို အဝေး ကပင် မြင်ရသည်။ အမှောင်ထု၌ တောက်ပသောထိုစကားလုံးများက သခင်ယေရှုသည် လူသားတစ်ရပ် လုံးအတွက် အစဉ်ရှိနေသော မျှော်လင့်ခြင်းဖြစ်ကြောင်း သတိရစေခဲ့သည်။

သခင်ယေရှု မမွေးဖွားမီက လူသားတို့သည် မိမိတို့၏အပြစ်ကို ယူဆောင်ပြီး သူတို့ကိုယ်စား ဘုရားသခင်နှင့် ကြားခံဆက်သွယ်ပေးမယ့်ကယ်တင်ရှင်ကို မျှော်လင့်ခဲ့ကြသည် (ဟေရှာ ၅၃း၁၂)။ သူတို့ သည် ဗက်လင်မြို့၌ အပျိုကညာမှ ဖွားမြင်လာမည့် ကယ်တင်ရှင်ကို မျှော်လင့်ကြပြီး ဧမာနွေလဟူသည့် နာမဖြင့် ခေါ်ဆိုရန် မျှော်လင့်ခဲ့ကြသည် (၇း၁၄)။ သခင်ယေရှု ဖွားမြင်သောညတွင်သူတို့၏မျှော်လင့်ခြင်း များ ပြီးပြည့်စုံခဲ့သည် (လု ၂း၁-၁၄)။

ယခုတွင်သခင်ယေရှုကို သူငယ်တော်အသွင်ဖြင့်…

ဖွဲ ဇကွဲကိုရှောင်ပါ

အစာကျွေးချိန်၌ ဘောင်ဘင်ခတ်အောင် စားတတ်ပြီး ရွံ့ဗွက်အိုင်ထဲမှာ ပျော်ရွှင်စွာ လူးနေတတ် သည့် ၀က်ဘ၀က မလွယ်ပါ။ နေ့သစ်ရောက်တိုင်း ထူးခြားမှုမရှိ။ ၀က်စာမှာ ဘာမျှမဟုတ်၊ အစာခွက်ထဲ သွန်ချသော ပြောင်းဖတ် ဖဲဖတ် ဖွဲ ဇကွဲနှင့် စားကြွင်းစားကျန်ပင်ဖြစ်သည်။

အဆင်ပြေပါမည်လား။ ပျောက်သောသားအတွက် အဆင်ပြေမည်မဟုတ်ပါ။

သူဝက်များနှင့်အတူ အစာမစားမီက သူ၌ နွေးထွေးသောအိပ်ရာ၊ ချမ်းသာကြွယ်ဝသောအမွေ ဥစ္စာ၊ ချစ်ခင်သောဖခင်၊ ခိုင်လုံသောအနာဂတ်နှင့် အစားအသောက်များလည်း ရှိနေသည်။ သို့သော် သူ့ အတွက် မလုံလောက်သေး၊ အပျော်အပါးကို လိုချင်ခဲ့သည်။ သူ့ဘ၀ကို သူစိတ်ကြိုက်အသက်ရှင်ပြီး လုပ်လျင်ရာမှန်သမျှလုပ်သည်။ ရလဒ်ကတော့ ၀က်စာကို စားချင်မတတ် အခြေဆိုက်ခဲ့ရသည်။

ဘုရားသခင်၏နှုတ်ကပတ်တော် သွန်သင်ချက်နှင့် ဘုရားဝတ်၌ မွေ့လျော်သောမိဘများ၏ လမ်းပြမှုကို လျစ်လျူရှုသည့်လူငယ်သည် အလားတူရလဒ်မျိုး ကြုံရလိမ့်မည်။ သခင်ယေရှုကို သိကျွမ်း ယုံကြည်သူ တစ်စုံတစ်ယောက်က ဘုရားသခင်၏ရှင်းလင်းသောသွန်သင်မှုကို ပစ်ပယ်ပြီး…

ဇာတ်ရံ

၂၀၀၉ ခုနှစ် အမေရိကန်နိုင်ငံ ရုပ်သံအကျော်အမောဖြစ်သူ အက်ဒ် မက် မာကွန် ကွယ်လွန် ပြီးနောက် သတင်းခေါင်းကြီးပိုင်း၌ “သူသည် နံပါတ် ၂ နေရာတွင် ရှိနေခဲ့သော်လည်း သူသည် နံပါတ်တစ်ဖြစ်သည်”ဟု ဖော်ပြခဲ့သည်။ ဂျွန်နီ ကာစင် တင်ဆက်သော ညဥ့်နက်ပိုင်းအစီအစဉ်တွင် မက် မာကွန်သည် နှစ်ပေါင်း ၃၀ မျှ သူ၏လက်ထောက်အဖြစ် လူသိခဲ့ပြီး ကာစင် ထင်ပေါ်ကျော်ကြားအောင် ကူညီပံ့ပိုးပေးခဲ့သည်။ ဖျော်ဖြေသူအများစုသည် ထိပ်ဆုံးသို့ရောက်အောက် ကြိုးပမ်းကြသော်လည်း မက် မာကွန်ကမူ ဇာတ်ရံအနေဖြင့်သာ ရောင့်ရဲခဲ့သည်။

ရော ၁၂း၃-၈ တွင် တမန်တော်ပေါလုက ခရစ်တော်၏ခန္ဓာကိုယ်အစိတ်အပိုင်းများအနေဖြင့် ကျွန်ုပ်တို့သည် မိမိတို့၏ဆုကျေးဇူးပွားများအောင် မည်သို့လေ့ကျင့်လုပ်ဆောင်ရမည်ကို ဖော်ပြပြီး ဇာတ်ရံ အခန်းကဏ္ဍကို အခိုင်အမာပြောဆိုထားသည်။ ကိုယ်ကိုကိုယ် လျောက်ပတ်စွာ ထင်ကြရန် (း၃)၊ ပကတိ ပေါက်ဖော်ကဲ့သို့ တစ်ယောက်ကိုတစ်ယောက် စုံမက်ပြီး ချီးမွမ်းခြင်းအရာမှာ…

မြင်းမကြီးနှင့် သူ့ပိုင်ရှင်

ကျွန်တော် ငါးနှစ်သားအရွယ်တွင် ဖခင်က ကျွန်တော့်ကိုယ်ပိုင်အဖြစ် ကြည့်ရှုထိန်းသိမ်းရန် အုန်းခွံရောင် မြင်းမကြီးကို ၀ယ်ပေးရန် ဆုံးဖြတ်ခဲ့သည်။ ၀ယ်လာသည့်မြင်းမကြီးကို ကျွန်ုပ်က ဒစ်စီဟု အမည်ပေးခဲ့သည်။

ကျွန်ုပ်၏အသက်အရွယ်အတွက် ဒစ်စီသည် ခန့်ငြားထည်ဝါသောသတ္တ၀ါဖြစ်နေသည်။ ကျွန်ုပ်အရွယ် ခြေနင်း ကွင်း၊ မြင်းကုန်းနှီး သေးသေး မရှိသဖြင့် များသောအားဖြင့် ကုန်းနှီးမပါဘဲဖြင့် စီးရသည်။ ဒစ်စီ၏ခန္ဒ္ဓာက ပြည့်ဖြိုးသဖြင့် ကျွန်တော့ခြေထောက်မှာ ဘေးသို့ကားထွက်နေပြီး ခွစီးရန်ခက်သည်။ ကျွန်တော်လျောကျတိုင်း ဒစ်စီက ရပ်လိုက်ပြီး ကျွန်တော့်ကိုကြည့်သည်။ ၄င်း၏ကျောကုန်းပေါ် ကြိုးစား၍ ပြန်တက်သည်ကို စောင့်ပေးသည်။ ဤသည်မှာ ဒစ်စီ၏ အလွန်နှစ်လိုဖွယ်ကောင်းသော အရည်အသွေး ဖြစ်သည်။ ၄င်းသည် အံ့ဖွယ်ကောင်းလောက်အောင် သည်းခံစိတ်ရှည်ပေ၏။

ကျွန်ုပ်မှာမူ ဒစ်စီလောက် သည်းခံနိုင်စွမ်းမရှိပေ။ ကျွန်ုပ်၏ကလေးဆန်သော အမျက်ဒေါသကို ဒစ်စီသည် မည်သည့်အခါမျှ လက်တုံ့ပြန်ခြင်းမရှိဘဲ ကြံ့ကြံ့ခံလျက် သည်းခံခဲ့သည်။ မိမိအပေါ် တိုက်ခိုက်မှုများစွာကို ဒစ်စီ သည်းခံလျက်…